(၂၆-၅-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်၊ ဆားတလင်းကျေးရွာအနီးပင်လယ်ပြင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်သေဆုံးခဲ့သည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ် ကျေးရွာမှ ငါးဖမ်းအလုပ်သမား (၈)ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂,၄၀၀,၀၀၀) ကျပ်တို့ကို (၂၈.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ ပေးခဲ့ပါကြောင်းနှင့် အားပေးစကားများပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)