လေပြင်းဘေးသင့်ပြည်သူများနှင့် ရေမျောသေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း

 
28_Pic_01
(၂၄.၅.၂၀၁၉)ရက်နေ့(၁၇:၃၀) အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း မျက်ရဲကျေးရွာအုပ်စု၊ တုတ်ကွင်းကျေးရွာ၊ တွင်းနီကျေးရွာ၊ဒီးဒုတ်ကုန်းကျေးရွာ၊လယ်ပြင်မကျေးရွာအုပ်စု၊လယ်ပြင်မကျေးရွာ၊ရေအေးကျေးရွာအုပ်စု၊ရေအေးကျေးရွာနှင့် ကံလှကျေးရွာအုပ်စု၊ကံလှကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၄၆,၅၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄၆)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၉၆,၆၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၆၄၃,၁၀၀)ကျပ်၊ လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ ရေမျောသေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်၊ (၂၂.၅.၂၀၁၉) ရက်နေ့ (၁၉:၀၀)အချိန်တွင် လေဘေးကြောင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀ ,၀၀၀)ကျပ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာတွင် လေဘေးကြောင့် အမိုးလန်ပျက်စီး လူနေအိမ်(၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၄၂,၅၀၀)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၉,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇၁,၉၀၀)ကျပ်တို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉)ရက်နေ့(၁၁:၃၀)အချိန်တွင်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။
#ha_sgw_otr
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events