လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉)ရက်နေ့တွင် သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသားသူ/သားများအား ရာသီဥတုပြောင်းလဲလာမှုများ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငလျင်၊လေ၊ရေ၊မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ (၇၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)