လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

28_Pic_05 28_Pic_06
လေးမျက်နှာမြို့နယ်၊ လဟာကြီးအုပ်စု၊ကညင်ပင်လှကျေးရွာတွင်(၂၆-၅-၂၀၁၉)နေ့ လေဘေးကြောင့် ပြိုကျ ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦး၊ လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းနှင့် ဝက်ကုန်းကျေးရွာအုပ်စု၊ဝါးရုံချောင်းနှင့်ကြို့ပင်စုကျေးရွာတွင်(၂၈-၅-၂၀၁၉)နေ့တွင် လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ(၁၀)ဦး တို့အတွက် (၃၂,၃၅၃)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၃၇၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၅,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၉၅,၂၀၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၈-၅- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events