လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊အိုးကွဲ၊ကုန်းပြင်၊ကြို့ပင်နှင့် ခွေးတောက်ချောင်းအုပ်စုတို့တွင်(၂၅-၅-၂၀၁၉)ရက်နေ့နှင့်(၂၇-၅-၂၀၁၉)နေ့တို့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် လုံးဝ ပျက်စီးခဲ့သောအိမ်ခြေ(၈)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၁၃၅)လုံး၊ စုစုပေါင်းအိမ်ခြေ(၁၄၃)လုံး၊အိမ်ထာင်စု (၁၄၃)စုရှိ လူဦးရေ(၅၃၈)ဦးတို့အတွက် (၃၂,၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၈)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၅,၇၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁,၁၂၉,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၆,၈၇၉,၈၀၀)ကျပ်တို့ကို (၂၈-၅-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)