Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၉) ရက်နေ့ ည (၂၂:၀၀) နာရီအချိန်၌ ရေဦးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု (အင်ပင်ကျေးရွာနှင့်ဆီဆုံကျေးရွာ) တို့်တွင်ဖြစ်ပွားခဲ့သော လေးဘေးကြောင့် အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၉၅၀၀၀/-) ကျပ်အား (၄-၆-၂၀၁၉) ရက်နေ့တွင် ရေဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်းတွင် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jun2019 Source: ရေဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၌ ဇေယျာသီရိမြို့နယ်အတွင်း ခေတ်အေးကျေးရွာအုပ်စု၊ ဝင်ပြန်ကျေးရွာ၊ တဲကုန်းကျေးရွာ၊ ခေတ်အေးကျေးရွာ၊ အင်းသာကျေးရွာ၊ မရင်းကြီးကျေးရွာနှင့် နန်းသြကျေးရွာအုပ်စု၊ နန်းသြ ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၄၄) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၂၅၂၅၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၈၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၃၉၀၆၀၀/-) ကျပ်နှင့် ခေတ်အေးကျေးရွာ၊ မရင်းကြီး ကျေးရွာတို့ရှိ ဘုန်တော်ကြီးကျောင်းအမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ရန်ပုံငွေ (၉၅၀၀၀/-) စုစုပေါင်းရန်ပုံငွေ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်၊သစ်ချိုကျေးရွာအုပ်စုရှိ လူနေအိမ်(၉)လုံးမှ အိမ်ထောင်စု(9)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၁၅,၀၀၀)ကျပ်နှင့် (၁-၆-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ကျေးရွာအုပ်စု(၇)အုပ်စုမှ လူနေအိမ်(၁၆)လုံးမှ အိမ်ထောင်စု(၁၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၇၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၅,၀၀၀)ကျပ်တို့အား (၄-၆-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jun2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာအုပ်စု၊ မော်လိုက်ကလေးအုပ်စု၊ ကျောင်းတိုက်အုပ်စု၊ ဆည်တော်ဦးကျေးရွာ တို့တွင် (၂-၆-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၂၃)လုံး၊ ပြိုကျဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းနှင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၁,၀၈၅,၀၀၀/-) ကျပ်တို့အား (၅-၆-၂၀၁၉) ရက်နေ့တွင် ကလေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိ သူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးစာရေးများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်ရရှိပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေး လူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ (၅-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး လူငယ်(ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးအန္တရာယ်ဆိုင် ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ် များအကြောင်း ဟောပြောပို့ချခြင်း၊ ကျောပိုးအိတ်၊ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာနှင့် အရာတော်ကျေးရွာအုပ်စု၊ ဗြူဂေါင်းကျေးရွာတို့၌ (၂.၆.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ် (၄)လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၄၂,၅၀ဝ/-)ကျပ်အား (၅.၆.၂၀၁၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၁၉)ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွက် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ဗျောတောဝ ရပ်ကွက်ရှိ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၃၁.၅.၂၀၁၉)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ခေါသမောကျေးရွာ၊ ထီးသော်တနီးကူးကျေးရွာ၊ လောခုခူကျေးရွာ များသို့ ဂါလံ (၈၀၀)ဆံ့ ရေသယ်ယာဉ်(၃)စီး၊ (၁.၆.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ခေါသမော ကျေးရွာ၊ ထီးသော်တနီးကူးကျေးရွာ၊ လောခုခူကျေးရွာများသို့ ဂါလံ (၈၀၀)ဆံ့ ရေသယ်ယာဉ် (၄)စီးဖြင့် သောက်သုံးရေသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_jun2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်၊ စီသောင်ကျေးရွာအုပ်စု၊ စီသောင်ကျေးရွာ၌ (၃၁-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မှုကြောင့် နေအိမ် (၁) လုံး လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးငွေ(၆၃၀၀/-) ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးတို့အား (၄-၆-၂၀၁၉) … Read more
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၁၉) ရက်နေ့ ညနေ (၃:၀၀) နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မိုးညိုမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်လမ်းညွှန်စာအုပ်အသစ် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၂၀)ဦးခန့်တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









