လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ (၅-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး လူငယ်(ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးအန္တရာယ်ဆိုင် ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ် များအကြောင်း ဟောပြောပို့ချခြင်း၊ ကျောပိုးအိတ်၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး၊ စာရေးကိရိယာစသည့် သင်တန်းသုံးပစ္စည်း များဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၅-၆-၂၀၁၉) ရက်နေ့မှ (၇-၆-၂၀၁၉) ရက်နေ့ထိ (၃)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)