လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာအုပ်စု၊ မော်လိုက်ကလေးအုပ်စု၊ ကျောင်းတိုက်အုပ်စု၊ ဆည်တော်ဦးကျေးရွာ တို့တွင် (၂-၆-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၂၃)လုံး၊ ပြိုကျဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းနှင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၁,၀၈၅,၀၀၀/-) ကျပ်တို့အား (၅-၆-၂၀၁၉) ရက်နေ့တွင် ကလေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိ သူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးစာရေးများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်ရရှိပါသည်။
#ha_sgw
#sgg_jun2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)