လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာနှင့် အရာတော်ကျေးရွာအုပ်စု၊ ဗြူဂေါင်းကျေးရွာတို့၌ (၂.၆.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ် (၄)လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၄၂,၅၀ဝ/-)ကျပ်အား (၅.၆.၂၀၁၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jun2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)