Category Archives: News
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ပေါက်တောပြင်ကျေးရွာ၊ ဗန်းဗွီးကျေးရွာနှင့် ကွမ်းတောင်ကျေးရွာများသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသော အိမ်ထောင်စု(၆၈၇)စု၊ လူဦးရေ (၁၆၉၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး တန်ဖိုး (၆,၇၅၃,၂၁၀)နှင့် ဆန်ရိက္ခာ(၁)လစာ တန်ဖိုး (၁၅,၂၃၇,၀၀၀)၊ စုစုပေါင်း တန်ဖိုး (၂၁၉,၉၀၂,၁၀၀)တို့အား (၆.၆.၂၀၁၉)ရက်နေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက် (၁၅:၃၀)နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ထောက်လောင်ပွန်းကျေးရွာအုပ်စု၊ ဂဏာန်းမဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရလူနာ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀)ကျပ်တို့အား မိသားစုဆွေမျိုးများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် သထုံခရိုင်နှင့် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းအား သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ပြည်သူလူထုအင်အားစုစုပေါင်း (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex #mon_jun2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Multi Purpose Shelter တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး၌ ဘိုကလေးမြို့နယ် Multi Purpose Shelter (၁၀) လုံးခြံ စည်းရိုး တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ Shelter တည်ဆောက်ရေး မြို့နယ်ကော်မတီအဖွဲ့ဝင် များ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တည်ဆောက်ရေးကုမ္ပဏီများစုစုပေါင်း(၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၆.၂၀၁၉)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တံခါးကြီးကျေးရွာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေ ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးလက်နေပြည်သူလူထု (၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သပြေချောင်း ကျေးရွာအုပ်စု၊ လှေလမ်းပိုင်းကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးသည့်လူတစ်ဦးအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀၀၀၀/-) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၅၀၀၀၀/-) ကျပ်တို့အား (၆-၆-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူတို့ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့် အိမ်ထောင်စု (၈၇၁)စု လူဦးရေ(၅၂၈၁)ဦးတို့အတွက် (၆၁,၅၁၅,၂၀၀/-)တန်ဖိုးရှိ ဆန် (၁၇၇၀)အိတ်၊ ဆီငါးလီတာဘူး (၃၅၀)ဘူး၊ ကြက်သွန်နီ (၁၀၅၀)ပိဿာ၊ အာလူး (၁၀၅၀)ပိဿာ၊ အသားတု(၁၀၅၀)ပိဿာ၊ ပဲဝါခြမ်း(၃၀ပိဿာ) ၇၅အိတ်၊ ငရုတ်သီးခြောက်တောင့် (၁၈၀)ပိဿာ၊ အချိုမှုန့်ပေါင်ထုပ် (၃၃၀)ထုပ်နှင့် ဆား(၁၇၄၂)ထုပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #otr #krn_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပူးပေါင်း၍ (၆.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်ရှိ အိမ်ခြေ(၂၂၁၃)၊ အိမ်ထောင်စု(၂၂၅၈)၊ လူဦးရေ (၁၁၀၂၇)ဦးအတွက် သောက်သုံးရေဂါလံ (၉၆၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_jun2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရေ သာ သံတွဲခရိုင် /သံတွဲမြို့နယ်၊ ကြာညိုကျေးရွာအုပ်စု၊ ကြာညိုကျေးရွာအိမ်ခြေ (၂၅၀)၊ လူဦးရေ (၉၀၀)ဦးအတွက် သောက်သုံးရေဂါလံံ(၂၀၀၀)နှင့် (၅.၆.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ် ကျွဲသောက်ကျေးရွာအုပ်စု၊ ကျွဲသောက်ကျေးရွာအိမ်ခြေ (၁၂၆)အိမ်၊ လူဦးရေ (၃၅၀)ဦးအတွက် သောက်ရေသန့် (၂၀)လီတာဘူး(၁၂၆)ဘူးတို့အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #rke_jun2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်တိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၅-၆-၂၀၁၉) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၆:၀၀) အချိန်ထိ သောက်သုံးရေအခက်အခဲရှိသည့် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်း ကျေးရွာရှိ (အ.ထ.က) စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာနေပြည်သူများ အတွက်လည်းကောင်း၊ ဂုဏ်မင်းမြှောင်ကျေးရွာ (အ.လ.က) (ခွဲ) စာသင်ကျောင်းအတွက်လည်းကောင်း၊ ချင်ပြစ် ကျေးရွာ (အ.ထ.က) (ခွဲ) စာသင်ကျောင်းအတွက်လည်းကောင်း၊ သောက်ရေ (၂၀) … Read more









