လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သပြေချောင်း ကျေးရွာအုပ်စု၊ လှေလမ်းပိုင်းကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးသည့်လူတစ်ဦးအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀၀၀၀/-) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၅၀၀၀၀/-) ကျပ်တို့အား (၆-၆-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူတို့ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_jun2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)