လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ပေါက်တောပြင်ကျေးရွာ၊ ဗန်းဗွီးကျေးရွာနှင့် ကွမ်းတောင်ကျေးရွာများသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသော အိမ်ထောင်စု(၆၈၇)စု၊ လူဦးရေ (၁၆၉၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး တန်ဖိုး (၆,၇၅၃,၂၁၀)နှင့် ဆန်ရိက္ခာ(၁)လစာ တန်ဖိုး (၁၅,၂၃၇,၀၀၀)၊ စုစုပေါင်း တန်ဖိုး (၂၁၉,၉၀၂,၁၀၀)တို့အား (၆.၆.၂၀၁၉)ရက်နေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_jun2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)