လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့် အိမ်ထောင်စု (၈၇၁)စု လူဦးရေ(၅၂၈၁)ဦးတို့အတွက် (၆၁,၅၁၅,၂၀၀/-)တန်ဖိုးရှိ ဆန် (၁၇၇၀)အိတ်၊ ဆီငါးလီတာဘူး (၃၅၀)ဘူး၊ ကြက်သွန်နီ (၁၀၅၀)ပိဿာ၊ အာလူး (၁၀၅၀)ပိဿာ၊ အသားတု(၁၀၅၀)ပိဿာ၊ ပဲဝါခြမ်း(၃၀ပိဿာ) ၇၅အိတ်၊ ငရုတ်သီးခြောက်တောင့် (၁၈၀)ပိဿာ၊ အချိုမှုန့်ပေါင်ထုပ် (၃၃၀)ထုပ်နှင့် ဆား(၁၇၄၂)ထုပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
#otr
#krn_jun2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)