ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

6_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက် (၁၅:၃၀)နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ထောက်လောင်ပွန်းကျေးရွာအုပ်စု၊ ဂဏာန်းမဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရလူနာ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀)ကျပ်တို့အား မိသားစုဆွေမျိုးများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#rke_jun2019

Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events