လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်တိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၅-၆-၂၀၁၉) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၆:၀၀) အချိန်ထိ သောက်သုံးရေအခက်အခဲရှိသည့် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်း ကျေးရွာရှိ (အ.ထ.က) စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာနေပြည်သူများ အတွက်လည်းကောင်း၊ ဂုဏ်မင်းမြှောင်ကျေးရွာ (အ.လ.က) (ခွဲ) စာသင်ကျောင်းအတွက်လည်းကောင်း၊ ချင်ပြစ် ကျေးရွာ (အ.ထ.က) (ခွဲ) စာသင်ကျောင်းအတွက်လည်းကောင်း၊ သောက်ရေ (၂၀) လီတာဘူး စုစုပေါင်း (၂၄၀) ဘူးအား သွားထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npw_jun2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)