Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံသို့ တက်ရောက်
ဇွန်လ ၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ဇွန်လ(၆)ရက် နေ့မှ ဇွန်လ(၈)ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီး ညီလာခံ၏ ပထမနေ့ကို ဇွန်လ(၆) ရက်နေ့က တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံကို အာဂျင်တီးနားသမ္မတနိုင်ငံအစိုးရ၊ နိုင်ငံတကာမသန်စွမ်းသူများ မဟာမိတ် အဖွဲ့အစည်းနှင့် လက်တင်အမေရိက မသန်စွမ်းသူများ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းကွန်ရက် တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ဤညီလာခံသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သော ပထမအကြိမ် မသန်စွမ်းသူများ … Read more
-
လေပြင်းဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ (၂၀:၄၅) အချိန်၌ လှိုင်းဘွဲမြို့နယ် ပေါလောက် ကျေးရာအုပ်စု၊ တောင်ကလေးကျေး ရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁) ဦးသေဆုံးခဲ့ပြီး ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀၀၀/-) ကျပ်နှင့် မိုးကြိုးဘေးအတွက် သေဆုံးသူ (၁) ဦး အတွက် (၃၀၀၀၀၀/-) … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် နေပြည်တော်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌတို့သည် (၇-၆-၂၀၁၉) ရက်နေ့ (၁၂း၀၀) အချိန်မှ (၁၅း၀၀) အချိန်ထိ သောက်သုံးရေအခက်အခဲရှိသော ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာ အမှတ်(၇) နယ်မြေစုရှိ အိမ်ခြေ(၉၀)အတွက်လည်းကောင်း၊ အမှတ်(၈) အောင်သပြေကျေးရွာရှိ အိမ်ခြေ (၅၈)အတွက် လည်းကောင်း၊ စုစုပေါင်း ကျေးရွာနေပြည်သူလူထု (၆၆၁)ဦးအတွက် သောက်ရေ(၂၀)လီတာဘူး စုစုပေါင်း(၂၄၀)ဘူးအား သွားရောက် ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2019 Source: … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ် (တလိုင်းကွင်း၊ ကဇင်းကြီး)ကျေးရွာအုပ်စု၊ (ပန်းရံစု၊ ကဇင်းကြီး)ကျေးရွာတို့တွင် (၃၁-၅-၂၀၁၉) နေ့ဖြစ်ပွားသောလေဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၈၀,၀၀၀/-)၊ ဘေး သင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံ ငွေကျပ်(၁၀,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၉၀,၅၀၀/-)ကို (၇-၆-၂၀၁၉)ရက်နေ့ တွင် ကြံခင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာတွင် ကမ်းပြိုကြိုရွှေ့ နေအိမ် (၁၈)လုံးအတွက် ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀)ကျပ်ကို (၇.၆.၂၀၁၉)ရက်နေ့၌ ရွှေတောင်မြိုနယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင် မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_jun2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉)ရက်နေ့၌ ဘိုကလေးမြို့၊ အားကစားကွင်းရှေ့ လမ်းဆုံ လူစည်ကားရာနေရာတွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့ (၀၉:၃၀) ချိန်တွင် ဘားအံ့မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းအင်အား စုစုပေါင်း (၁၀၀) ဦးတို့တက်ရောက်ခဲ့ပြီးတက်ရောက်လာသူများအား အသိ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သံတွဲခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအိမ်ခြေ (၉၉) လူဦးရေ (၃၉၇)ဦးအတွက် သောက်ရေသန့် (၂၀)လီတာဘူး (၉၉)ဘူးနှင့် သံတွဲမြို့နယ် ပဒဲကောကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအိမ်ခြေ (၄၄)အိမ်မှ လူဦးရေ (၁၉၈)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး (၄၄)ဘူးတို့အား ကျေးရွာအရောက်သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့ ၊နံနက်(၄:၃၀)နာရီအချိန်က နမ့်ခမ်းမြို့၊ အမှတ် (၈)ရပ်ကွက်၊ ပေါက်နေရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရာ အိမ်ခြေ/အိမ်ထောင်စု (၁)စု၊ လူဦးရေ(၁)ဦး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၇-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေအား သိုလှောင်ကန်အတွင်းသို့ သွားရောက်ဖြည့်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၆-၆-၂၀၁၉)ရက်နေ့က သောက်သုံးရေလိုအပ်လျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာရှိသိုလှောင်ကန်အတွင်းသို့ ဂါလံ (၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီးဖြင့် သွားရောက် ဖြည့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။









