သံတွဲခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအိမ်ခြေ (၉၉) လူဦးရေ (၃၉၇)ဦးအတွက် သောက်ရေသန့် (၂၀)လီတာဘူး (၉၉)ဘူးနှင့် သံတွဲမြို့နယ် ပဒဲကောကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအိမ်ခြေ (၄၄)အိမ်မှ လူဦးရေ (၁၉၈)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး (၄၄)ဘူးတို့အား ကျေးရွာအရောက်သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events