လေပြင်းဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

 

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ (၂၀:၄၅) အချိန်၌ လှိုင်းဘွဲမြို့နယ် ပေါလောက် ကျေးရာအုပ်စု၊ တောင်ကလေးကျေး ရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁) ဦးသေဆုံးခဲ့ပြီး ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀၀၀/-) ကျပ်နှင့် မိုးကြိုးဘေးအတွက် သေဆုံးသူ (၁) ဦး အတွက် (၃၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း(၃၈၀၀၀၀/-) ကျပ်တို့အား (၇-၆-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_tls_sgw

#kyh_jun2019

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events