လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် နေပြည်တော်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌတို့သည် (၇-၆-၂၀၁၉) ရက်နေ့ (၁၂း၀၀) အချိန်မှ (၁၅း၀၀) အချိန်ထိ သောက်သုံးရေအခက်အခဲရှိသော ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာ အမှတ်(၇) နယ်မြေစုရှိ အိမ်ခြေ(၉၀)အတွက်လည်းကောင်း၊ အမှတ်(၈) အောင်သပြေကျေးရွာရှိ အိမ်ခြေ (၅၈)အတွက် လည်းကောင်း၊ စုစုပေါင်း ကျေးရွာနေပြည်သူလူထု (၆၆၁)ဦးအတွက် သောက်ရေ(၂၀)လီတာဘူး စုစုပေါင်း(၂၄၀)ဘူးအား သွားရောက် ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npw_jun2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)