လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာတွင် ကမ်းပြိုကြိုရွှေ့ နေအိမ် (၁၈)လုံးအတွက် ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀)ကျပ်ကို (၇.၆.၂၀၁၉)ရက်နေ့၌ ရွှေတောင်မြိုနယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင် မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_jun2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)