လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ် (တလိုင်းကွင်း၊ ကဇင်းကြီး)ကျေးရွာအုပ်စု၊ (ပန်းရံစု၊ ကဇင်းကြီး)ကျေးရွာတို့တွင် (၃၁-၅-၂၀၁၉) နေ့ဖြစ်ပွားသောလေဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၈၀,၀၀၀/-)၊ ဘေး သင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံ ငွေကျပ်(၁၀,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၉၀,၅၀၀/-)ကို (၇-၆-၂၀၁၉)ရက်နေ့ တွင် ကြံခင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)