Category Archives: News
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဇွန်လ(၈)ရက်၊ နေပြည်တော် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တပ်မတော်နှင့် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန်လ(၇)ရက်နေ့မှ (၈)ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ UNOCHAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၆)ဉီးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးစိုးအောင်တက်ရောက်ကာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ ကန်ကျဲကျေးရွာ၌ ကျေးရွာသူ/ ကျေးရွာသား (၅၀) ဦးတို့ကို လည်းကောင်း၊ နေ့လည်ပိုင်းတွင် သဲပြင်တော ကျေးရွာ၌ ကျေးရွာသူ/ ကျေးရွာသား (၈၀) ဦးတို့ကိုလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင် ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mdy_jun2019 ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းထိဒဏ်ရာရရှိသူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် မိုးထိမှန်ဒဏ်ရာရှိသော ဦးခန့်မာနော်ဂျာ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊မံဝိန်ကြီးကျေးရွာ KBC camp ၌နေထိုင်သူအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉) ရက်နေ့ ၊ ညနေ (၁၄:၂၃) နာရီအချိန်တွင် မန်စီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌သွားရောက်ထောက်ပံပေး အပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #hr_otr #kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံသို့တက်ရောက်
ဇွန်လ ၈၊ နေပြည်တော် အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇွန်လ(၇)ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံဒုတိယနေ့ အခမ်းအနားများဖြစ်သည့် မသန်စွမ်းသူများအပေါ်တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းကလေးများနှင့် မသန်စွန်းအမျိုးသမီးများ၊ မသန်စွမ်းသူများခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊ မသန်စွမ်းသူများ အတွက် တရားမျှတမှုလက်လှမ်းမီရေးစသည့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ရှေးဦးအရွယ်ကလေးငယ်များကို မသန်စွမ်းမှုမှ ကာကွယ်ခြင်း၊ မသန်စွမ်းမှုလျော့ချခြင်းဆိုင်ရာတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မသန်စွမ်းအမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရန် … Read more
-
လေဘေးသင့် ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ခြင်း
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာ၌ (၆-၆-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ ဘုန်းတော်ကြီးနှစ်ပါးအတွက် သင်္ကန်းဒွိစုံ(၂)စုံတို့ကို (၈-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ဆပ်ကပ်လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ရေဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား၌ လိုအပ်သည်များ ပေါင်းစပ်ကူညီပေးမှုသတင်း
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ ခအောင်းပင်တာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးတွင်းကာလ တာတမံကြံ့ခိုင်ရေး၊ တာကျိုးပေါက်မှုများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီပြုပြင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ရေဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကူညီခဲ့ကြောင်းနှင့် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို ရေဘေးကာကွယ်ရေးနှင့်ပတ်သက်၍ လက်ကမ်းစာဆောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၊ (၂၉-၅-၂၀၁၉) ရက်နေ့၊ (၃၀-၅-၂၀၁၉) ရက်နေ့၊ (၃-၆-၂၀၁၉) ရက်နေ့နှင့် (၅-၆-၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညို မြို့နယ်ကျေးရွာအုပ်စု (၁၀) စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ် (၄၀) လုံး၊ အမိုးလန်နေအိမ် (၁၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၈၄၅၀၀/-) ကျပ်၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၉၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး … Read more
-
သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခြင်း
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့၊ ညနေပိုင်းတွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ လင်းမူးတောင်ကျေးရွာအုပ်စု၊ ကင်းသေကျွန်းကျေးရွာရှိ အိမ်ခြေ (၇၅) လူဦးရေ (၃၂၅)ဦးအတွက် သောက်ရေသန့် (၂၀) လီတာဘူး (၇၅)ဘူးအား အဆိုပါ ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာ၌ (၆-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးသွားသည့် မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၂၁၀၀ိ/-)ရန်ပုံငွစုစုပေါင်း (၁၀၂၁၀ဝိ/-)ကို (၇-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာရှိ(အိမ်တိုက်ကုန်း)ကျေးရွာ၌ (၆-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၆၈၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၄၆၈၀၀ိ/-) အား (၇-၆-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။









