ရေဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား၌ လိုအပ်သည်များ ပေါင်းစပ်ကူညီပေးမှုသတင်း

8_Pic_02 8_Pic_03

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ ခအောင်းပင်တာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးတွင်းကာလ တာတမံကြံ့ခိုင်ရေး၊ တာကျိုးပေါက်မှုများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီပြုပြင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ရေဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကူညီခဲ့ကြောင်းနှင့် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို ရေဘေးကာကွယ်ရေးနှင့်ပတ်သက်၍ လက်ကမ်းစာဆောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events