Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာ၌ (၆-၆-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ ဘုန်းတော်ကြီးနှစ်ပါးအတွက် သင်္ကန်းဒွိစုံ(၂)စုံတို့ကို (၈-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ဆပ်ကပ်လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။