လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၊ (၂၉-၅-၂၀၁၉) ရက်နေ့၊ (၃၀-၅-၂၀၁၉) ရက်နေ့၊ (၃-၆-၂၀၁၉) ရက်နေ့နှင့် (၅-၆-၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညို မြို့နယ်ကျေးရွာအုပ်စု (၁၀) စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ် (၄၀) လုံး၊ အမိုးလန်နေအိမ် (၁၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၈၄၅၀၀/-) ကျပ်၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၉၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ (၄၀) အိမ်ထောင်စုစာတို့အား (၈-၆-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေါက်တာဝင်းမြင့် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဝင်းကို (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_jun2019

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events