ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံသို့တက်ရောက်

8_Pic_02

 

ဇွန်လ ၈၊ နေပြည်တော်

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇွန်လ(၇)ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံဒုတိယနေ့ အခမ်းအနားများဖြစ်သည့် မသန်စွမ်းသူများအပေါ်တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းကလေးများနှင့် မသန်စွန်းအမျိုးသမီးများ၊ မသန်စွမ်းသူများခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊  မသန်စွမ်းသူများ အတွက် တရားမျှတမှုလက်လှမ်းမီရေးစသည့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ထိုသို့ဆွေးနွေးရာတွင် ရှေးဦးအရွယ်ကလေးငယ်များကို မသန်စွမ်းမှုမှ ကာကွယ်ခြင်း၊ မသန်စွမ်းမှုလျော့ချခြင်းဆိုင်ရာတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မသန်စွမ်းအမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ပေးနိုင် သည့် အလေ့အထကောင်းများ၊ မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးတွင် ဝေပုံကျစနစ်ထားရှိခြင်း၏ နိုင်ငံတကာအတွေ့အကြုံများ၊ ဉာဏ်ရည်မသန်စွမ်းသူများအား တရားမျှတမှုရရှိစေရန် ဥပဒေ အထောက်အပံ့လက်လှမ်းမမီသောနေရာများတွင် ဖြေရှင်းဆောင်ရွက်ပေးရန်နည်းလမ်းများနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် မသန်စွမ်းကလေးသူငယ်များအား ငယ်ရွယ်စဉ်မှစ၍ ရသင့်သည့်အခွင့်အလမ်းတို့ကို စောစီးစွာဖြည့်ဆည်းပေးခြင်းဖြင့် အရွယ်ရောက်လာသောအခါတွင် ၎င်းတို့၏ ဘဝအရည်အသွေး တိုးတက်မြင့်မားရေးအခွင့်အရေးများရရှိနိုင်စေရန်၊ မသန်စွမ်းအမျိုးသမီးများအကြမ်းဖက်ခံရမှု၊ အလွဲ သုံးခံရမှုတို့တွင် တရားမျှတမှုအခွင့်အလမ်းရရှိစေရေးသေချာစေမည့် ဥပဒေရေးရာကာကွယ်မှု စွမ်းအားမြှင့်တင်ပေးရန်၊ မသန်စွမ်းသူများသည် အလုပ်ခွင်များတွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင် ရေးအတွက်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကိုဆောင်ရွက်ပေးရန်၊ မသန်စွမ်းသူများ တရားမျှတမှု အခွင့်အလမ်းအသေအချာရရှိစေရေး၊ ဥပဒေနှင့်တရားစီရင်ရေးကဏ္ဍရှိဝန်ထမ်းများ၏ မသန်စွမ်းမှု ဆိုင်ရာ အသိပညာဗဟုသုတမြင့်မားလာစေရန်တို့နှင့်စပ်လျဉ်း၍ အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့်  မသန်စွမ်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်း ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံပေါင်း(၂၆)နိုင်ငံမှ ကိုယ်စားလှယ်များက အလေးအနက်ထားဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အာဂျင်းတီးနားနိုင်ငံ ဒုတိယ သမ္မတ Mrs. Gabriela Michettiနှင့် အာဂျင်တီးနားနိုင်ငံ အမျိုးသားအဆင့်မသန်စွမ်းမှု အေဂျင်စီ ဥက္ကဌတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events