Category Archives: News
-
ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ဆွေးနွေးခြင်း
ဇွန်လ၊၁၅၊ပုသိမ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များနှင့် မိခင်ဝိုင်းများရှိ ကလေးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများအား ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှူရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၆-၂၀၁၉)ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူးကျေးရွာအုပ်စု၊ ဘုရားဖြူးကျေးရွာရှိ ရပ်ရွာပြည်သူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူစုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ar # kyh_juny2019
-
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတွေ့ဆုံမှုသတင်း
ဇွန်လ၊၁၅၊ပုသိမ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင် အထည်ဖေါ် ရန်လုပ်ငန်းစဉ်များရေးဆွဲရမည့်ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော် ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့်အခွင့်အရေးများကို အားလုံးတန်းတူညီမျှရရှိစေရန်အတွက် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၆-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၂၀၀)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေခြင်းနှင့် ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_juny2019
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သစ်ချိုင့်ကျေးရွာအုပ်စု၊ သစ်ချိုင့်ကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၃,၅၀၀/-) ကျပ်တို့အား (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၃၅၁,၀၀၀/-) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၁၆၂,၀၀၀/-) ကျပ်တို့အား (၁၄-၆-၂၀၁၉) ရက်နေ့တွင် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၉)ရက်နေ့၌ ကယာပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်(၁၅)ရပ်ကွက်တွင် မိုးရွာသွန်း၍ လူနေအိမ်အနီးရှိ သစ်ပင်အိုပြိုလဲကျမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ(၂)အိမ်ထောင်စာနှင့် ဦးခေါင်းခွံထိခိုက်ဒဏ်ရာ ရလူနာအတွက်(၅၀၀၀၀/-)တို့ကို (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # kyh _jun2019
-
ရေတုံကင်တူးဖော်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကဇွန်းကွင်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၌ ရေတုံကင် (၁) တွင်း တူးဖော်ရန် အတွက် အသုံးစရိတ်ငွေ (၃၉၉,၄၀၀/-) ကျပ်အား (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကဇွန်းကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #ayy_jun2019
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၆-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း)ရှိကျေးရွာနေ ပြည်သူအိမ်ခြေ(၁၁၅)လုံး၊ အိမ်ထောင်စု(၁၂၃)စု၊ လူဦးရေ(၆၂၅)ဦးတို့အတွက် သောက်သုံးရေဂါလံ(၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ေ၀ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2019
-
ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိသော ဗဟိုသိုလှောင်ရုံအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကြည့်ရှုစစ်ဆေးမှုသတင်း
ဇွန်လ၊၁၄၊ရန်ကုန် ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့ မည့်ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်မြို့ရှိ ဗဟိုသိုလှောင်ရုံအား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံသို့ရောက်ရှိပြီး ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံများ၌ ပစ္စည်းများစနစ်တကျထုပ်ပိုးထားရှိမှုနှင့် နေရာချ ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက သိုလှောင်ရုံများအဆင့်မြှင့်တင် ထားခြင်း နှင့်ပြန်လည်ပြုပြင်မွမ်းမံထားသည့်အခြေအနေများ၊ အရေးပေါ်သည့်အချိန်တွင်ရရှိလာမည့် သတင်းအချက် အလက်ပေါ်မူတည်၍ အလျင်အမြန်ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ … Read more









