လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၉)ရက်နေ့၌ ကယာပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်(၁၅)ရပ်ကွက်တွင် မိုးရွာသွန်း၍ လူနေအိမ်အနီးရှိ သစ်ပင်အိုပြိုလဲကျမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ(၂)အိမ်ထောင်စာနှင့် ဦးခေါင်းခွံထိခိုက်ဒဏ်ရာ ရလူနာအတွက်(၅၀၀၀၀/-)တို့ကို (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# kyh _jun2019