လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၃၅၁,၀၀၀/-) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၁၆၂,၀၀၀/-) ကျပ်တို့အား (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_jun2019