ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတွေ့ဆုံမှုသတင်း

ဇွန်လ၊၁၅၊ပုသိမ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင် အထည်ဖေါ် ရန်လုပ်ငန်းစဉ်များရေးဆွဲရမည့်ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော် ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့်အခွင့်အရေးများကို အားလုံးတန်းတူညီမျှရရှိစေရန်အတွက် သက်ဆိုင်ရာအညွှန်းကိန်းများအရ လိုအပ်ချက်အရှိဆုံးနေရာများဦးစားပေးပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနေရကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုများအထိ လူမှုရေးကဏ္ဍလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ မူဝါဒများ၊ ဥပဒေနှင့်နည်းဥပဒေများ၊ မဟာဗျူဟာ စီမံချက်များကိုရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ့် ရေးရာမူဝါဒကို အကောင်အထည်ဖော်လျက်ရှိကြရာ မိမိတို့နိုင်ငံ၌လည်းလူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ (၁၆) ရပ်ပါဝင်သော လူငယ်ရေးရာမူဝါဒတစ်ရပ်ပေါ်ပေါက် လာပြီဖြစ် ကြောင်း၊ ထိုကဏ္ဍများကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့်အတူတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကိုယ်စားပြုလူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ မဟာဗျူဟာ ကိုလည်းမကြာသေးမီက ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ဒေသအလိုက် ဦးစားပေးကဏ္ဍများကို အကောင် အထည်ဖေါ်ရန် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် ရန်ပုံငွေများထားရှိ နိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ လူငယ်မူဝါဒကိုလူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့်လေ့လာ သိရှိနိုင်ရန် လူငယ်များအချင်းချင်းပြန်လည်ဖြန့်ဝေရန်လိုအပ်သည့် အတွက်မူဝါဒစာအုပ်များ လုံလောက်စွာ ရရှိရန်ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည်တည်ငြိမ်အေးချမ်းမှုဖြစ် သည့်အတွက် လူငယ်များအချင်းချင်းစည်းလုံးညီညွှတ်ကြစေလိုကြောင်းနှင့် လူငယ်မူဝါဒကိုအောင်မြင် အောင်ငြိမ်းချမ်းစွာအကောင်အထည်ဖေါ်ဆောင်ရွက်ရန် အားလုံးပူးပေါင်း ကူညီပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များက လူငယ်ရေးရာခရိုင်/မြို့နယ် ကော်မတီဖွဲ့စည်းနိုင်ရေး၊ လူငယ်စင်တာများဖွင့်လှစ်နိုင်ရေး၊ ဘတ်ဂျက်ထည့်သွင်းရရှိနိုင်ရေး၊ လူငယ် ရေးရာ မူဝါဒတွင် လူငယ်များအားလုံးလေ့လာ၍ပါဝင်လာနိုင်စေရန် မူဝါဒစာအုပ်များကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ အစိုးရမဟုတ်သောပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊လူငယ်များ မူးယစ်ဆေးဝါး အန္တရာယ်စိုးရိမ်နေရမှု၊ လူငယ်များလူကုန်ကူးခံရမှု၊ မသန်စွမ်းလူငယ်များအတွက် တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေမှုများနှင့် စိန်ခေါ် မှုများကိုတင်ပြဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက်ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လူငယ်များအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများ၊တိုင်းဒေသကြီးအစိုးရများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်လုပ်ငန်းများကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#ayy_jun2019

Sign Up

Upcoming Events