Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသည် (၁၇-၆-၂၀၁၉)ရက်နေ့၊ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ပိန်းမုံရွာတွင် အင်အား (၁၂၀)ဦးခန့်(ကျောင်းသားသူအပါဝင်) သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာအုပ်စု၊ ထယ်လှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကျောင်းခန်းမ၌ (၁၇-၆-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းဆရာ/ဆရာမ (၁၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၇၉)ဦး၊ ကျေးရွာနေပြည်သူစုစုပေါင်း (၅၄)ဦး၊ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအားအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_jun2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ရွာသာယာ ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆)လုံးရှိ ဘေးသင့်လူဦးရေ (၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀,၄၀၀/-)ကျပ်တိတိကို (၁၇-၆-၂၀၁၉)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ (၁၇-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၁၇.၆.၂၀၁၉)ရက်နေ့ (၀၈း၃၀)နာရီအချိန်၌ အ.ထ.က(၅)၌ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါက်တာ လှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားခဲ့၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးသန်းစိုး-၂ (လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၅ဝ)ဦးဖြင့် (၁၇.၆.၂၀၁၉)ရက်နေ့မှ (၂၁.၆.၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရောက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဇွန်၊ ၁၆၊ ပုသိမ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပေး ခြင်းနှင့် ရှေးဦးအရွယ်ကလေးများ အတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန်ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆောင်ရွက်ပေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများ၊ မသန်စွမ်းသူများ၊ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၉)နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ပြည်သူလူထုစုစုပေါင်း (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်၍ (၁၆-၆-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂) နာရီမှ (၁၄:၄၅) အချိန်ထိ CAE ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မီးသတ်ဦးစီဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #simex_eqk #npw_jun2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၉) ရက်နေ့ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းအုပ်စု မိုင်(၃၀)ရွာတွင် ပြည်သူလူထုစုစုပေါင်း (၆၀)ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး ရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရ မည့် အနေအထားများအား လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးစီမံ ခန့်ခွဲမှု ကော်မတီဝင်များဖြင့် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ (၁၆-၆-၂၀၁၉) ရက်နေ့တွင် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘေးလွတ်ရာစခန်းသို့ စနစ်တကျပြောင်းရွှေ့တတ်စေရန် သဘာဝဘေး ကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့နည်းစေရန် ထိခိုက်ဒဏ်ရာရမှုများလျော့နည်းစေရန် ရည်ရွယ်၍ မုန်းတိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် ကြက်ခြေနီ အဖွဲ့ဝင်များ (၆၀) ဦးခန့်နှင့် ကျေးရွာသူ/သား (၃၆၀) ဦးခန့်တို့ဖြင့်ပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင် (၂၀၀) … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၆-၂၀၁၉)ရက်နေ့၊ ညနေ(၄း၀၀)နာရီမှ(၆း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ဝမ်ပေါ်ကျေးရွာတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၅၃)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေခဲ့ပြီး တက်ရောက်လာသူများကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး၏ ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # … Read more









