သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာအုပ်စု၊ ထယ်လှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကျောင်းခန်းမ၌ (၁၇-၆-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းဆရာ/ဆရာမ (၁၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၇၉)ဦး၊ ကျေးရွာနေပြည်သူစုစုပေါင်း (၅၄)ဦး၊ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအားအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar
#mgy_jun2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events