တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်မှုသတင်း

17_Pic_01 17_Pic_02 17_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၁၇.၆.၂၀၁၉)ရက်နေ့ (၀၈း၃၀)နာရီအချိန်၌ အ.ထ.က(၅)၌ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါက်တာ လှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားခဲ့၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးသန်းစိုး-၂ (လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၅ဝ)ဦးဖြင့် (၁၇.၆.၂၀၁၉)ရက်နေ့မှ (၂၁.၆.၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jun2019

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events