လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်၍ (၁၆-၆-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂) နာရီမှ (၁၄:၄၅) အချိန်ထိ CAE ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မီးသတ်ဦးစီဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_eqk
#simex_eqk
#npw_jun2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)