မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

16 _ Pic _ 01 16 _ Pic _ 02 16 _ Pic _ 03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးစီမံ ခန့်ခွဲမှု ကော်မတီဝင်များဖြင့် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ (၁၆-၆-၂၀၁၉) ရက်နေ့တွင် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘေးလွတ်ရာစခန်းသို့ စနစ်တကျပြောင်းရွှေ့တတ်စေရန် သဘာဝဘေး ကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့နည်းစေရန် ထိခိုက်ဒဏ်ရာရမှုများလျော့နည်းစေရန် ရည်ရွယ်၍ မုန်းတိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် ကြက်ခြေနီ အဖွဲ့ဝင်များ (၆၀) ဦးခန့်နှင့် ကျေးရွာသူ/သား (၃၆၀) ဦးခန့်တို့ဖြင့်ပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင် (၂၀၀) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_str_simex
#rke_jun2019

Sign Up

Upcoming Events