လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသည် (၁၇-၆-၂၀၁၉)ရက်နေ့၊ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ပိန်းမုံရွာတွင် အင်အား (၁၂၀)ဦးခန့်(ကျောင်းသားသူအပါဝင်) သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#shn_jun2019
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)