Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် DAN Application အကြောင်းဆွေးနွေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မိုင်းဆတ်မြို့နယ် ၊ အ.ထ.က ကျောင်းတွင် ကျောင်းသူ/ကျောင်းသား အင်အား (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း နှင့် DAN Application အကြောင်းဆွေးနွေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံကြိုဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား နှစ်နိုင်ငံ တာဝန်ရှိသူများ ပူး ပေါင်းဆောင်ရွက်မှုဖြင့် (၁-၇-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်း၌ အခမ်းအနားဖြင့် ပြန်လည် ကြိုဆိုလက်ခံခဲ့သည်။ ထိုသို့ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြန်လည်ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး … Read more
-
ပြည်ထောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုသတင်း
ဇွန်၃၀၊နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ဘေးဖြစ်ပွားပါက အလျင် အမြန်တုံ့ပြန်နိုင်ရေး၊ အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် အတူ ပြည်သူများကိုယ်တိုင်သိရှိနားလည်ပြီး ကြိုတင်ပြောင်းလဲဆောင်ရွက်ရန် လိုအပ်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ထားသည့် လေဖိအားနည်းရပ်ဝန်းအခြေအနေ ၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿကမ်းခြေတို့တွင် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၂၄) နာရီအတွင်း … Read more
-
မြစ်ကြီးနားမြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှူရေးဝန်ကြီး ဦးနေဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ သက်ဆိုင်ရာဌာဆိုင်ရာများနှင့် (၁-၇-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် လူမှူရေးဝန်ကြီး ဦးနေဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီမှ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၈၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက် အတွင်း၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် နေအိမ် (၃) လုံးနှင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၆၂,၀၀၀/-) ကျပ်၊ လူဦးရေ (၃၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၇,၂၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မြန်မာ စံတော်ချိန် (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ် အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေ တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ … Read more
-
သံဖြူဇရပ်မြို့နယ်အတွင်း ဈေးဆိုင်များ၌ သဘာဝဘေးကြိုတင်သတိပေး DAN App ကြော်ငြာစတစ်ကာ ကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လူစည်ကားသော ဈေးဆိုင်များ၌ သဘာဝဘေးကြိုတင်သတိပေး DAN App ကြော်ငြာစတစ်ကာ ကပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019
-
သဘာဝဘေးကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ကျးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် လူဦးရေ (၈၀) ဦးတို့အား သဘာဝဘေး ကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး DAN App ကြော်ငြာစတေကာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ် လိုအပ်သောပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၉) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်စာအုပ်အဟောင်းအား လိုအပ်သော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးဆောင်၍ (Centre For Good Governance CGG) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (၂) ရက်တာ ဆွေးနွေးညှိနှိုင်းနေပြီး ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









