သဘာဝဘေးကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ကျးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် လူဦးရေ (၈၀) ဦးတို့အား သဘာဝဘေး ကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး DAN App ကြော်ငြာစတေကာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_jul2019

Sign Up

Upcoming Events