မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ် လိုအပ်သောပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၉) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်စာအုပ်အဟောင်းအား လိုအပ်သော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးဆောင်၍ (Centre For Good Governance CGG) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (၂) ရက်တာ ဆွေးနွေးညှိနှိုင်းနေပြီး ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#bgo_jul2019

Sign Up

Upcoming Events