
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မိုင်းဆတ်မြို့နယ် ၊ အ.ထ.က ကျောင်းတွင် ကျောင်းသူ/ကျောင်းသား အင်အား (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း နှင့် DAN Application အကြောင်းဆွေးနွေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jul2019