ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံကြိုဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

2 _ Pic _ 01 2 _ Pic _ 02
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား နှစ်နိုင်ငံ တာဝန်ရှိသူများ ပူး ပေါင်းဆောင်ရွက်မှုဖြင့် (၁-၇-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်း၌ အခမ်းအနားဖြင့် ပြန်လည် ကြိုဆိုလက်ခံခဲ့သည်။ ထိုသို့ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြန်လည်ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းထွဋ်ဆွေက မြန်မာနိုင်ငံသားများအား လွှဲပြောင်းလက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေ အနေအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က နေရပ်ပြန် မြန်မာနိုင်ငံသားများအတွက် ဌာနအသီးသီးမှ ထောက်ပံ့သည့်ပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။ ယနေ့ ထိုင်းနိုင်ငံမှ မိမိဆန္ဒ အလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ထောက်ပံ့ငွေ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆန်၊ ဆီစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#krn_jul2019

Sign Up

Upcoming Events