မြစ်ကြီးနားမြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှူရေးဝန်ကြီး ဦးနေဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ သက်ဆိုင်ရာဌာဆိုင်ရာများနှင့် (၁-၇-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် လူမှူရေးဝန်ကြီး ဦးနေဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီမှ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၈၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) ပတ်စာ (၁၇၆,၄၀၀/-) ကျပ်နှင့် မျောပါပျက်စီး အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၇၆,၄၀၀) ကျပ်အား ကချင်ပြည်နယ်ဦးစီးမှူးရုံးမှလည်းကောင်း၊ (၅၀၀,၀၀၀/-) ကျပ်တန်ဖိုးရှိ Hygiene Parcel , Dignity Kit တို့အား ကြက်ခြေနီအသင်းအဖွဲ့မှလည်းကောင်း၊ ကလေးကျောင်းဝတ်စုံ၊ ခဲတံ၊ ကျောင်းသုံးဗလာစာအုပ်တို့အား ပညာရေးဦးစီးဌာနမှလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#kcn_jul2019

Sign Up

Upcoming Events