Category Archives: News
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ကျေးရွာအုပ်စု၊ စက်ကလေးရပ်၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၄-၇-၂၀၁၉) ရက်နေ့၊ (၁၈း၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၁၉) ရက်နေ၌ ထိုင်နိုင်ငံ၊ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ စတုတ္တအကြိမ်မြောက် မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူ မွန်ပြည်နယ်မှ အိမ်ထောင်စု (၄) စု လူဦးရေ (၁၃) ဦးအား မြဝတီမြို့၊ ကျောက်လုံးကြီးပြန်လည်လက်ခံရေး စခန်းတွင် သွားရောက်ကြိုဆိုလက်ခံခဲ့ပြီးနောက် (၄-၇-၂၀၁၉) ရက်နေ့၌ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးတို့တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုဆွေမျိုးများရှိရာ နေအိမ်အရောက် လိုက်လံအပ်နံှကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_jul2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
ဇူလိုင်၄၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါ သည်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာမဟာ ဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသမီးများ … Read more
-
ကျောင်းသား/သူများအား DAN Mobile Application ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် (၄.၇.၂၀၁၉) ရက်နေ့တွင် စစ်တွေတက္ကသိုလ်ရှိ ကျောင်းသား/သူ(၃၀၀)ခန့်အား DAN Mobile Application အကြောင်းမိတ်ဆက်ခြင်း၊ အသုံးပြုပုံ/နည်းများကို ရှင်းလင်းပြောကြားခြင်းနှင့် ၎င်းတို့၏ ဖုန်းများအတွင်း Software ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jul2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁-၇-၂၀၁၉)ရက်နေ့၌ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီဆိပ်ဘုရားစုရွာမကျေးရွာအုပ်စု၊ ထီဆိပ်ဘုရားစုကျေးရွာတွင် ဖြစ်ပွားခဲ့သောလေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ပြည်သူ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း(၁၁၀၅၀၀/-)ကျပ်တို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ (၄-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # ayy_jul2019
-
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၄-၇-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် ဘီးလင်းမြို့နယ်မှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦး၊ ကျိုက်ထို မြို့နယ်မှ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာ (၁) လစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁-၇-၂၀၁၉)ရက်နေ့၌ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီဆိပ်ရွာမကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာတွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ပြည်သူ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်း(၅၆၃၀၀/-)ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၄-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # ayy_jul2019
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၌ (၃-၇-၂၀၁၉) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၄-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jul2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် Open Society Myanmar အဖွဲ့အစည်းမှ တာဝန်ရှိသူများက သီခြားစီလာရောက်တွေ့ဆုံမှုသတင်း
ဇူလိုင်၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့နှင့် Open Society Myanmar အဖွဲ့အစည်းမှ ဒေါက်တာ စည်သူထင်အောင်အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့် … Read more
-
ဆဒုံးမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂.၇.၂၀၁၉) ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ရေဘေးသင့်အိမ်ထောင်စု(၁၆၁)စု၊ လူဦးရေ(၇၆၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၆၀၄,၄၀ဝိ)အား သွားရောက်ထောက်ပံ့ပေးကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး









