ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၁၉) ရက်နေ၌ ထိုင်နိုင်ငံ၊ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ စတုတ္တအကြိမ်မြောက် မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူ မွန်ပြည်နယ်မှ အိမ်ထောင်စု (၄) စု လူဦးရေ (၁၃) ဦးအား မြဝတီမြို့၊ ကျောက်လုံးကြီးပြန်လည်လက်ခံရေး စခန်းတွင် သွားရောက်ကြိုဆိုလက်ခံခဲ့ပြီးနောက် (၄-၇-၂၀၁၉) ရက်နေ့၌ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးတို့တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုဆွေမျိုးများရှိရာ နေအိမ်အရောက် လိုက်လံအပ်နံှကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#mon_jul2019

Sign Up

Upcoming Events