ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း

ဇူလိုင်၄၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါ သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာမဟာ ဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုများမှ တားဆီးကာကွယ် တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2019

Sign Up

Upcoming Events