ဇူလိုင်၄၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့နှင့် Open Society Myanmar အဖွဲ့အစည်းမှ ဒေါက်တာ စည်သူထင်အောင်အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုများမှ တားဆီးကာကွယ်တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပါ သည်။
Open Society Myanmar အဖွဲ့အစည်းနှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများ အားပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စခန်းများဖွင့်လှစ်နိုင်ရေး၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများ၊ လေ့လာရေးအစီအစဉ်များဆောင်ရွက်နိုင်ရေး၊ အမျိုးသားအဆင့် ပြန်လည်ထူထောင်ရေးဆိုင်ရာမဟာဗျူဟာ (National Rehabilitation Strategy) ရေးဆွဲနိုင်ရေးအပါအဝင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။
Source: MSWRR
#hl1
#npw_jul2019