လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁-၇-၂၀၁၉)ရက်နေ့၌ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီဆိပ်ရွာမကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာတွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ပြည်သူ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်း(၅၆၃၀၀/-)ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၄-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# ayy_jul2019