ဆဒုံးမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

4_Pic_01

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂.၇.၂၀၁၉) ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ရေဘေးသင့်အိမ်ထောင်စု(၁၆၁)စု၊ လူဦးရေ(၇၆၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၆၀၄,၄၀ဝိ)အား သွားရောက်ထောက်ပံ့ပေးကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_jul2019

 

Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events