Category Archives: News
-
မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၉)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးကြီးမည့်သတိပေးချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်- (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံဘက်မှ တိုးဝင်လာသော မုတ်သုံလေဖိအားနည်းမြှောင်တန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်သန်းနေသည့်အတွက် ယနေ့နေ့လယ်မှ နောက်(၇၂) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ (ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၃) လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ပါသည်။
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၁၉) ရက်နေ့ (၁၀:၀၀)နာရီမှ(၁၁း၃၀)နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ အ.ထ.က(၃)သထုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ အဆိုပါကျောင်းရှိ ဆရာ/ဆရာမ များအား (DAN) Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
-
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်များအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ သရောတန်းကျေးရွာအုပ်စုတွင် (၇-၇-၂၀၁၉)ရက်နေ့၊ (၁၉:၃၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး သစ်ပင်ပိပြိုကျပျက်စီးခဲ့ရာ ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၉၀၀၀ဝိ/-)၊ အမိုးလန်နေအိမ်(၅)လုံးအတွက ်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၅၀၀၀ဝိ/-)နှင့် လူဦးရေစုစုပေါင်း(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၅၀၄၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၉၀၄၀ဝိ/-)အား (၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ==================================================== အကြံပြုချက် သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/၀၆၇၃၄၀၄၇၇၇ တို့သို့ … Read more
-
Shelter Multi Purpose တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဘိုကလေးမြို့နယ် Shelter တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဂုဏ်ဟိန်းသစ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပိုးလောင်းရွာမကျေးရွာ Shelter ၊ ကျွန်းညိုကြီးကျေးရွာအုစု၊ လတချောင်ကျေးရွာ Shelter၊ ပျဉ်းမကုန်းကျေးရွာ Shelter Multi Purpose အမျိုးအစား (၃) လုံး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းညွှန်မှာကြားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖာပွန်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၁၀-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဖာပွန်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ အနောက်ဘက်ကမ်းတွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကို ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_simex #krn_jul2019
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြစ်ရေ လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း (၅) ခု ဖွင့်လှစ်ထားရှိခဲ့ရာ (၉-၇-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ရောက်ရှိနေသော ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စု (၁၆၁) စု၊ လူဦးရေ (၆၈၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၄၃၈,၅၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ မင်းလက်ပံကျေးရွာ မင်းလက်ပံ (အ.ထ.က) ရှိ ကျောင်းသား/သူ (၂၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်၊ အ.ထ.က(ဘောလခဲ)ကျောင်းရှိ အစည်းအဝေးခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူ (၂၃၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဘော်လခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019
-
လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိခြင်း
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း၌ (၈-၇-၂၀၁၉) ရက်နေ့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၂၄) နာရီအတွင်း မှတ်သားဖွယ် မိုးရေချိန် (၃.၆၆) လက်မခန့်ရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်မှုအရသိရှိရပါသည်။ အဆိုပါကဲ့သို့ ရွာသွန်းမှုကြောင့် ဘီးလင်း မြို့နယ် ကံသာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး(၉-၇-၂၀၁၉) ရက်နေ့ တွင် ကယ်ဆယ်ရေးစခန်း (၄) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၉၁) စုမှ လူဦးရေ (၄၂၃) ဦးတို့အား ပြောင်းရွှေ့ နေရာချ ထားပေးခဲ့ရကြောင်း ကနဦးသိရှိရပါသည်။ အလားတူ … Read more









