လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၁၉) ရက်နေ့ (၁၀:၀၀)နာရီမှ(၁၁း၃၀)နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ အ.ထ.က(၃)သထုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ အဆိုပါကျောင်းရှိ ဆရာ/ဆရာမ များအား (DAN) Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_jul2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး